User Guide

Gita Help Centre

Gita platform ကို အပြည့်အဝသုံးစွဲနည်း၊ ticket ၀ယ်နည်း၊ QR code၊ payment နှင့် အခြားအရာများ

Section 01

Getting Started — စတင်သုံးနည်း

Account ဖွင့်နည်း (Register)

  1. Website အပေါ်ရှိ Login / Register button ကိုနှိပ်ပါ သို့မဟုတ် /auth ကိုသွားပါ
  2. Register tab ကိုနှိပ်ပါ
  3. နာမည်၊ email၊ password ထည့်ပါ
  4. Create Account button နှိပ်ပါ — account ချက်ခြင်းသုံးနိုင်ပါပြီ

Login ၀င်နည်း

  1. Email နှင့် password ထည့်ပါ
  2. Sign In button နှိပ်ပါ
  3. Login ၀င်ပြီးနောက် ticket ၀ယ်ခြင်း၊ QR ကြည့်ခြင်း၊ history ကြည့်ခြင်း ပြုလုပ်နိုင်ပါသည်
Login မ၀င်ဘဲ event များကို ကြည့်ရှုနိုင်သော်လည်း ticket ၀ယ်ရန် account လိုအပ်သည်
Section 02

Browse Events — event ကြည့်နည်း

Events Page သို့သွားပါ

Menu မှ Events ကိုနှိပ်ပါ သို့မဟုတ် /events ကိုသွားပါ

Filter သုံးပါ

City (Yangon, Naypyidaw, Mandalay)၊ Category (Concert, K-Pop, Rock) နှင့် Status (Upcoming, Ongoing) အလိုက် filter လုပ်နိုင်သည်

Event Detail ကြည့်ပါ

Event card ကိုနှိပ်ပါ — artist info၊ venue map location၊ ticket tiers၊ ကျန်ရှိသော seat count များကို မြင်ရမည်

🎭
Status
Upcoming / On Sale
🔥
Limited
Seats နည်းသောအခါ
Sold Out
Ticket မကျန်တော့ပါ
Featured
အထူးတင်ဆက်ထားသော event
Section 03

Ticket ၀ယ်နည်း — Buying Tickets

Event ကိုနှိပ်ပြီး ticket tier ရွေးပါ

General Admission, Seated, VIP စသည့် tier များကို ရွေးချယ်နိုင်သည်။ တစ် tier ချင်းစီ၏ ဈေးနှုန်းနှင့် ကျန်ရှိသော seat ကို ကြည့်နိုင်သည်

Quantity ရွေးပါ

တစ် order အတွက် လက်ရှိ ticket limit ကို event page သို့မဟုတ် checkout မှာ အတည်ပြုပါ။ Event အလိုက် limit ပြောင်းနိုင်ပါတယ်

Checkout တွင် Attendee Details ဖြည့်ပါ

တက်ရောက်မည့်သူ၏ နာမည်၊ email နှင့် phone number ထည့်ပါ — ဤနာမည်သည် ticket ပေါ်ဖော်ပြမည်ဖြစ်သည်

Login ၀င်ထားသောသူ၏ နာမည် auto-fill ဖြစ်မည်၊ လိုအပ်ပါက ပြောင်းနိုင်သည်

Payment Method ရွေးပြီး ငွေပေးပါ

KPay, WavePay, CBPay, KBZ, AYA, CB, MAB တွင် တစ်ခုရွေးပါ — payment reference number ထည့်ပြီး confirm လုပ်ပါ

Ticket QR Code ချက်ခြင်းရမည်

Payment verify ပြီးနောက် My Tickets page တွင် QR ticket ကို ကြည့်နိုင်သည်

Pricing: Ticket ဈေးနှုန်းပေါ်တွင် 5% tax ထည့်သွင်းသည်။ ဥပမာ 100,000 Ks ticket → 105,000 Ks total
Tierဖော်ပြချက်ပုံမှန်ဈေးနှုန်း
General AdmissionStanding floor — အချောင်ဆုံး40K–80K Ks
Seated B/CSide grandstand — ကောင်းသောမြင်ကွင်း55K–150K Ks
Seated ACenter grandstand — အကောင်းဆုံးမြင်ကွင်း100K–250K Ks
VIP / VIP PitFront area, meet & greet ပါ200K–400K Ks
Section 04

Payment Methods — ငွေပေးချေနည်း

📱
KPay
KBZ Pay
💳
WavePay
Wave Money
🔴
CBPay
CB Bank App
🏦
KBZ Bank
Bank transfer
🏦
AYA Bank
Bank transfer
🏦
MAB
Myanmar Apex Bank
ငွေပေးချေပြီးနောက် payment reference number (transaction ID) ကို checkout form တွင် ထည့်ရမည်ဖြစ်သည်
Section 05

My Tickets & QR Code

Ticket ကြည့်နည်း

  1. Login ၀င်ပြီး My Tickets page သို့သွားပါ
  2. ၀ယ်ထားသော ticket card များ တွေ့မည်
  3. Ticket ကိုနှိပ်ပါ — event details, attendee name, seat နှင့် QR code ကြည့်နိုင်မည်

QR Code သုံးနည်း

  1. Ticket ပေါ်ရှိ Show QR button (သို့) ticket card ကိုနှိပ်ပါ
  2. QR code fullscreen modal ပွင့်မည်
  3. Event gate တွင် staff ၏ scanner ကို QR ကိုပြပါ
  4. Staff မှ ticket မှန်ကန်ကြောင်း verify ပြုလုပ်မည်
QR Expiry: Security QR code သည် 60 မိနစ် သာ valid ဖြစ်ပါသည်။ မ၀င်ခင် refresh လုပ်ပြီး QR သစ်ထုတ်ပါ
QR ကို မည်သူ့ကိုမျှ မပြပါနှင့် — QR code သည် တစ်ကြိမ်သာ scan ပြုလုပ်နိုင်ပြီး တူညီသော QR ဖြင့် ၀င်ရောက်ရန် ထပ်မံမဖြစ်နိုင်ပါ
VALID
Ticket active — ၀င်ရောက်နိုင်သည်
PENDING
Payment confirm မဖြစ်သေး
🔵
USED
Scan ပြုလုပ်ပြီးသော ticket
VOID
Cancel ပြုလုပ်ထားသော ticket
Section 06

KYC Verification — နာမည်အစစ်ဆေးခြင်း

KYC ဆိုတာဘာ?

KYC (Know Your Customer) သည် ticket ၀ယ်သူ၏ မှတ်ပုံတင် သို့မဟုတ် passport ဖြင့် identity ကို verify ပြုလုပ်ခြင်းဖြစ်သည်။ VIP ticket နှင့် high-value event များအတွက် လိုအပ်နိုင်သည်

KYC Page သို့သွားပါ

/kyc သို့သွားပါ သို့မဟုတ် Profile ကိုနှိပ်ပြီး KYC section ကိုကြည့်ပါ

Document ပုံထည့်ပါ

Myanmar NRC / Passport ၏ ရှေ့မျက်နှာ ပုံတင်ပါ

Review ကိုစောင့်ပါ

Gita Team မှ 1–2 ရက်အတွင်း verify ပြုလုပ်မည်

KYC verify ပြီးနောက် profile တွင် ✓ badge ပေါ်မည်
Statusအဓိပ္ပာယ်
NoneKYC မတင်သေး
PendingReview ဆိုင်ရာ ဆောင်ရွက်နေဆဲ
VerifiedIdentity confirm ဖြစ်ပြီ — ✓ badge ရပြီ
RejectedDocument မကောင်း — ထပ်မံတင်ပါ
Section 07

Wishlist — သိမ်းဆည်းထားသော Event များ

Wishlist သို့ ထည့်နည်း

Event page သို့မဟုတ် event detail page တွင် ♡ (heart icon) ကိုနှိပ်ပါ — ထပ်နှိပ်ပါက ဖယ်ရှားနိုင်သည်

Wishlist ကြည့်နည်း

/wishlist page တွင် save ထားသော event များ အားလုံးကြည့်နိုင်သည်

Wishlist feature ကို Login ၀င်ထားမှသာ သုံးနိုင်သည်
Section 08

Profile — ကိုယ်ရေးအချက်အလက်

Profile ပြင်ဆင်နည်း

  • Avatar (profile picture) တင်ခြင်း
  • နာမည်၊ phone number ပြောင်းခြင်း
  • Date of birth ထည့်ခြင်း
  • Bio / About section ပြောင်းခြင်း

Activity History

Profile page မှ Transactions History ကြည့်နိုင်ပြီး ၀ယ်ထားသော ticket အားလုံး၊ payment history များကို history အပြည့်ကြည့်နိုင်သည်

Section 09

Refund Policy — ငွေပြန်ရမည့်စည်းမျဉ်း

Ticket ထုတ်ပြီးနောက် ပုံမှန်အခြေအနေ
Ticket order များသည် ယေဘုယျအားဖြင့် final ဖြစ်ပါတယ်။
Refund review တောင်းနိုင်သောအခြေအနေများ
Event cancel/reschedule၊ payment လက်ခံပြီး ticket မထွက်ခြင်း၊ duplicate payment သို့မဟုတ် verified payment/issuance error ဖြစ်ပါက case review တောင်းနိုင်ပါတယ်။
Refund မအာမခံထားသောအခြေအနေ
Buyer စိတ်ပြောင်းခြင်း သို့မဟုတ် event မတက်ရောက်နိုင်ခြင်းတစ်ခုတည်းကြောင့် refund အာမခံမထားပါ။
Organizer မှ event cancel/reschedule ပြုလုပ်ပါက
Event notice မှ refund သို့မဟုတ် replacement instructions ကို လိုက်နာပြီး order ID ဖြင့် support ကို case review တောင်းပါ။
Refund request များ — support@gitamyanmar.com သို့ order ID ဖြင့် email ပေးပို့ပါ
Section 10

QR Code Security — လုံခြုံရေး

QR Security ကို မည်သို့ကာကွယ်ထားပါသလဲ?

Gita QR ticket system သည် HMAC-SHA256 cryptographic signature ဖြင့် signed ဖြစ်ပြီး လုံးလုံးလျားလျား copy မလုပ်နိုင်ပါ။ ထို့အပြင် —

  • QR code တစ်ခု သည် တစ်ကြိမ်သာ scan ပြုလုပ်နိုင်သည်
  • QR code သည် generate ပြုလုပ်ချိန်မှ 60 မိနစ် သာ valid ဖြစ်သည်
  • 60 မိနစ် ကျော်ပါက ပြန်လည် refresh လုပ်ရမည်
  • Screenshot ဖြင့် event ၀င်ရောက်ရန် မဖြစ်နိုင် — live QR သာ ၀င်နိုင်သည်
WARNING: QR code ကို screenshot ရိုက်ပြီး WhatsApp, Telegram, Messenger တွင် မပေးမပို့ပါနှင့်။ ထိုသူသည် သင့်အစား event ၀င်ရောက်နိုင်ပြီး သင်ကိုယ်တိုင် ၀င်ရောက်ခွင့်မရနိုင်ပါ
Section 11

FAQ — မေးလေ့ရှိသောမေးခွန်းများ

အကောင့်မဖွင့်ဘဲ လက်မှတ်ဝယ်ယူနိုင်ပါသလား?
မရပါ။ Ticket ၀ယ်ရန် account register ပြုလုပ်ပြီး login ၀င်ထားရမည်ဖြစ်သည်။ Register ပြုလုပ်ရန် email နှင့် password မျှသာ လိုအပ်သည်
လက်မှတ်တွင် မည်သူ၏အမည်ကို ထည့်သွင်းရမည်နည်း?
Event သို့ တကယ်တက်ရောက်မည့်သူ၏ နာမည် ထည့်ပါ။ Checkout form တွင် Attendee Details section တွင် ဖြည့်ရမည်ဖြစ်ပြီး ထိုနာမည်သည် ticket ပေါ်တွင် ဖော်ပြမည်ဖြစ်သည်
Order တစ်ခုတွင် လက်မှတ်မည်မျှအထိ ဝယ်ယူနိုင်ပါသလဲ?
တစ် order အတွက် လက်ရှိ ticket limit ကို event page သို့မဟုတ် checkout မှာ အတည်ပြုပါ။ Event အလိုက် limit ပြောင်းနိုင်ပါတယ်
လက်မှတ်ဝယ်ယူပြီးနောက် QR code ကို မည်သည့်နေရာတွင် ကြည့်ရှုနိုင်ပါသလဲ?
Login ၀င်ပြီး My Tickets page သို့သွားပါ။ Order confirm ဖြစ်ပြီးနောက် ချက်ချင်း QR ticket ကြည့်နိုင်သည်
QR code သက်တမ်း ၆၀ မိနစ်ကျော်လွန်ပါက မည်သို့ဆောင်ရွက်ရမည်နည်း?
QR code သည် event စတင်ချိန်မှ 60 မိနစ်အတွင်း အသုံးပြုနိုင်ပြီး one-time entry အတွက်သာ ဖြစ်ပါတယ်။ Event ဝင်ခွင့်အတွက် live QR ကို အသုံးပြုပါ
ပုံနှိပ်ထားသော လက်မှတ် လိုအပ်ပါသလား?
မလိုပါ။ Gita ticket များသည် digital QR code ဖြင့် သာ ၀င်ရောက်ရမည်ဖြစ်သည်။ Phone screen ကိုပြပါ ရပါသည်
စကားဝှက်မေ့သွားပါက မည်သို့ပြန်လည်ရယူရမည်နည်း?
Login page တွင် Forgot Password link ကိုနှိပ်ပါ (သို့မဟုတ် support@gitamyanmar.com သို့ email ပို့ပါ)
KPay ဖြင့် ငွေပေးချေပြီးနောက် လက်မှတ်မပေါ်လာပါက မည်သို့ဆောင်ရွက်ရမည်နည်း?
Checkout form တွင် payment reference number (KPay transaction ID) မှန်ကန်စွာ ထည့်ပြီး confirm လုပ်ပါ။ Payment verify ပြီးနောက်လည်း ticket မပေါ်ပါက order ID နှင့် transaction/reference number ပါအောင် support@gitamyanmar.com သို့ email ပို့ပါ
Wishlist ထဲသိမ်းထားသော ပွဲများအတွက် သတိပေးချက် ရရှိနိုင်ပါသလား?
လောလောဆယ် reminder feature မရှိသေးပါ။ Wishlist page တွင် save ထားပြီး regularly စစ်ဆေးနိုင်သည်
Refund တောင်းဆိုချက်ကို မည်သည့်နည်းလမ်းဖြင့် တင်ပြရမည်နည်း?
support@gitamyanmar.com သို့ order ID၊ event name၊ refund လိုသောအကြောင်းအရင်း ဖြင့် email ပေးပို့ပါ

Still need help?

မေးခွန်းများ ဆက်ရှိပါက AI Chat (screen ၏ bottom-right corner) ကိုနှိပ်ပြီး မေးပါ သို့မဟုတ် —

📧 support@gitamyanmar.com 💬 Gita AI Chat (24/7)